.

12/13/12

ဘ၀လက်တွဲဖော်ကိုတန်ဖိုးထားတတ်ပါစေ


ဘ၀လက်တွဲဖော်ကိုတန်ဖိုးထားတတ်ပါဘ၀လက်တွဲဖော်ကိုတန်ဖိုးထားတတ်ပါစေ 

ကောင်လေး ။ ။ ငါတို့ လမ်းခွဲကြရအောင်....

ကောင်မလေး ။ ။ ဘာ ပြောတယ်....


ကောင်လေး ။ ။ စိတ် မွန်းကြပ်လွန်းလို့ကွာ....

ကောင်မလေး ။ ။ နင် စိတ်ဖိစီးမှု များလို့ ငါ့ကို လမ်းခွဲမယ်ပေါ့....
ကောင်လေး ။ ။ ဟုတ်တယ်...နင့်ရဲ့ အရည်အချင်းက ငါ့ထက်ပိုတော်တော့ ငါနဲ့ မလိုက်ဖက်ဘူးလေ...
ကောင်မလေး ။ ။ ငါ ဂရုမစိုက်ဘူး...ငါနင့်ကို ချစ်တယ်...နင်နဲ့ ပတ်သက်တဲ့  အရာအားလုံးကို ငါချစ်တယ်....
ကောင်လေး ။ ။ တကယ်ပြောတာလား...
ကောင်မလေး ။ ။ အင်း.....
ကောင်လေး ။ ။ ကျေးဇူးပဲ....
၃ နှစ်ကြာပြီးနောက်....

ကောင်လေး ။ ။ ငါတို့ လမ်းခွဲကြရအောင်....

ကောင်မလေး ။ ။ ပြောပြန်ပြီလား....
ကောင်လေး ။ ။ ငါ့မှာ အခု ပိုက်ဆံလဲ မရှိ၊ ကားလဲ မရှိ၊ အိမ်ခန်းလဲ မရှိဘူး...၊ နင့်ကို ပျော်အောင်

ထားနိုင်မှာ မဟုတ်ဘူး....

ကောင်မလေး ။ ။ ငါ ဂရုမစိုက်ဘူး....ငါ ချစ်တာ နင်....အဲဒီ ပစ္စည်းတွေ မဟုတ်ဘူး...

ငါနင့်ကို ချစ်တယ်ဆိုတာ နင်နဲ့ ပတ်သက်သမျှကို ချစ်တာနဲ့ အတူတူပဲ....

ကောင်လေး ။ ။ ငါလဲ နင့်ကို ချစ်တယ်...ငါတို့ လက်ထပ်ကြရအောင်....
ကောင်မလေး ။ ။ ငါ လက်ခံပါတယ်.....♥
၁၀ နှစ်ကြာပြီးနောက်....

ကောင်လေး ။ ။ ငါတို့ လမ်းခွဲကြရအောင်....

ကောင်မလေး ။ ။ ဘာလို့လဲ....
ကောင်လေး ။ ။ ငါတို့ မကြာခင် အသက်တွေ အိုမင်းတော့မယ်.. ငါအသက်ကြီးတဲ့ အခါ နင့်ကို

မစောင့်ရှောက်နိုင်မှာစိုးတယ်....

ကောင်မလေး ။ ။ ငါ ဂရုမစိုက်ပါဘူး... တကယ်လို့ နင် ငါ့ကို မစောင့်ရှောက်နိုင်ရင်...

ငါ နင့်ကို စောင့်ရှောက်မှာပေါ့... နင်နဲ့ ပတ်သက်သမျှကို ချစ်တယ်....အခုပဲ ဖြစ်ဖြစ်


အနာဂတ်မှာ ပဲ ဖြစ်ဖြစ် ပြောင်းလဲ မှာ မဟုတ်ဘူး....

ကောင်လေး ။ ။ ကျေးဇူးပဲ မိန်းမရယ်...
အနှစ် ၂၀ ကြာပြီးနောက်....
အဘွားအို တစ်ဖြစ်လဲ ကောင်မလေးက ဘီးတပ်ကုလားထိုင်ပေါ်မှာ ထိုင်ရင်း ပြောတယ်..

"စိတ်မကောင်းပါဘူး... ယောကျာ်းရယ်... အစက ပြောတာ ငါနင့်ကို စောင့်ရှောက်မယ်လို့.. ဒါပေမဲ့ အခုတော့ နင်က


ငါ့ကို ပြုစုနေရပြီလေ..."


ကောင်လေး။ ။ ငတုံးလေး..... အရင်တုန်းက အမြဲတမ်း နင်ပြောတယ် မလား...


ငါ ဘာပဲ ဖြစ်ဖြစ် နင် ဂရုမစိုက်ဘူးဆိုတာလေ... အခုငါက နင့်အစား ပြန်ပြောတော့မယ်....


ငါ နင် ဘာဖြစ်ဖြစ် ဂရုမစိုက်ဘူး.....။


ကောင်မလေး ။ ။ ကျေးဇူးပဲ ယောက်ျားရယ်...


ကောင်လေး ။ ။ ငါနင့်ကို ချစ်တာ နင်နဲ့ ပတ်သက်သမျှကို ချစ်ခဲ့တာပါ.... ဒီစကားက နင့်စကားပါ....


ဒါပေမဲ့ ငါနင့်ကို ဒီစကားနဲ့ သက်သေခံပါရစေ.....


ကောင်မလေး ။ ။ ငါနင့်ကို ချစ်တယ်....


ကောင်လေး ။ ။ အင်း...ဒါပေမဲ့ ငါက နင့်ထက် ပိုချစ်တယ်လေ.....


ဒါကြောင့် ဘာပဲ ဖြစ်ဖြစ် အရေးမစိုက်ပါဘူးလို့ ဆိုလာတဲ့ ကိုယ့်နားက ဘ၀လက်တွဲဖော်ကို တန်ဖိုးထားတတ်ပါစေနော်



ချစ်သူကဗျာ

ချစ်သူ

အနေဝေးနေလျှက်နဲ့
ရင်ဘတ်ချင်း နီးစပ်နေတဲ့အတွက်

အချိန်နာရီတွေ မတူညီပေမယ့်
အချိန်တိုင်း လွမ်းနေပေးတဲ့အတွက်

မိုင်တိုင်တွေ ခြားနေပေမယ့်
ခြေရာတိုင်းမှာ အရိပ်လေးဖြစ်နေပေးတဲ့အတွက်

အမူအကျင့် မတူညီပေမယ့်
စိတ်ကူးအတွေးတွေ ထပ်တူကျနေတဲ့အတွက်

ဘုရားသွားကျောင်းတက်
အတူမရှိနိုင်ပေမယ့်
အလှူအတန်းတိုင်း အတူတူပြုခွင့်ရတဲ့အတွက်

အရာရာတိုင်းအတွက် ဝမ်းသာကျေနပ်
အတူတူရှိခြင်း မရှိခြင်းထက်
တူညီတဲ့ ခံစားမှုတိုင်းက
အတိုင်းအဆမရှိ ပိုချစ်မိစေတယ် ချစ်သူ

Friends18.com Orkut Scraps

12/12/12

ချစ်သူရယ်..

ချစ်သူရယ်..
Friends18.com Orkut MySpace Hi5 Scrap ImagesFriends18.com Orkut MySpace Hi5 Scrap Images
♥                                                
သိပ်ချစ်မိတာက နင်တယောက်တည်းပါ..
တကယ်ဆို..
ကိုယ်ဟာရင်ခုန်သံတွေကို ဝန်ခံဖို့ 
အင်အားမရှိခဲ့တဲ့ ကျိန်စာသင့်နေတဲ့
ငှက်ငယ်တကောင်လိုပါပဲ...
ဒါပေမယ့် အချစ်ဆိုတာက တို့နှစ်ယောက်ကို
တဘဝမှာ တကြိမ်ပဲ ထိလိမ့်မေ လို့ငါထင်တယ်..
ဘာပဲဖြစ်ဖြစ် ငါနင့်ကို အမြဲတမ်း ဖြူစင်တဲ့ အချစ်နဲံ့ပဲ
ငါ့ရဲ့ရင်ခုန်သံတွေကို မျိုသိပ်ပြီး
ကြုံလာမယ့် ခါးသီးတဲ့ ကံကြမ္မာကြီးကို
Friends18.com Orkut MySpace Hi5 Scrap Images
ချစ်သူရယ်မင်းကိုရှာနေတာ
ငါရင်ဆိုင်လိုက်တော့မယ်....ချစ်သူ...
Friends18.com Orkut MySpace Hi5 Scrap Images

ချစ်စွမ်းအား

ချစ်စွမ်းအား 
 
အချစ်နှစ်ခုပေါင်းစပ်လိုက်တဲ့အခါ...လောကကြီးကလှနေတယ်...

အပေးအယူမျှတတဲ့ အချစ်နှစ်ခုဟာ သဘာဝအတိုင်းလှနေတတ်တယ်..

ငှက်ကလေးတွေက...ပျံသန်းလို့...ပျော်မြူးနေကြတယ်
ကောင်းကင်တစ်ခွင်မှာ သာယာနေတယ်....

အဲ့ဒါ..အချစ်ရဲ့ စွမ်းအားပဲ.......။

အချစ်ကို ကြည်နူးနေကြချိန်မှာ...အချစ်ကလည်း လှတယ်...

အချစ်ကြောင့် အရာရာဟာ သက်ဝင်လှပလို့နေတယ်...

အဲ့ဒါ..အချစ်ရဲ့ စွမ်းအားပဲ.....။

ချစ်တယ် တကယ်


ငါ့ဘက်က "နင့်ကိုချစ်တယ်" လို့ပြောတိုင်း ...

ငါအမှန်အတိုင်းပြောနေတယ်ဆိုပြီး အမြဲယုံကြည်ပေးပါ ။

♥ ငါ့ဘက်က "နင့်အနားမှာ အမြဲရှိမယ်" လို့ပြောတိုင်း ...
ငါနင့်အနားကနေ ထွက်ခွာမသွားဘူး ဆိုပြီး နင့်စိတ်ထဲက အလိုလို သိနေပေးပါ ။



♥ ငါ့ဘက်က "နင့်ကိုနှုတ်ဆက်ခဲ့ပါတယ်"လို့ ပြောတဲ့အချိန်ကျရင်လည်း ...
နင်မငို ပါဘူး လို့ ငါ့ကိုကတိပေးပါ။

♥ ဘာ့ကြောင့်လဲဆိုတော့ ငါနင့်ကို နှုတ်ဆက်စကားပြောတဲ့နေ့ဟာ ငါသေဆုံးမယ့်နေ့ ဖြစ်နေလို့ပါ ...
ချစ်သူရယ်........♥                 
                         ♥           
                            ♥♥     
                              ♥♥  
                               ♥
                                 ♥


မင်းမှမင်း


မင်းမှမင်း

ငါပျော်ရွှင်မိတဲ့ အချိန်မှာပထမဆုံး


သတိရ မိတာ...မင်းပါ...


နင်အလုပ်တွေဘယ်လောက်ပဲရူပ်ရူပ်


ငါ့အတွက်အိပ်ပျက်ခံပြီး ဂရုစိုက်မှုတွေ


ပေးခဲ့တာတွေကိုယ်လဲ ငါ့တသက်


ဘယ်တော့မှ မေ့မှာမဟုတ်တော့ပါဘူး..ချစ်သူ


နင်နဲ့ ပတ်သက်တဲ့အမှတ်တရအားလုံးကိုယ် သတိရရင်း


နင့်ရဲ့မျက်ဝန်းအဓိပ္ပါယ်ကိုယ် ငါနားလည်လို့အဝေးကနေပဲ


ဂရုစိုက်ရင်း တိတ်တိတ်လေး သတိရနေခဲ့တာပါ ချစ်သူ


ချစ်သူ...နားလည်နိုင်ပါစေ...

အချစ် နဲ့ သစ္စာ

အချစ်နဲ့ သစ္စာ

ရေမြေတွေခြားပြီးဝေးကွာနေလဲ

စိတ်ချင်းနှလုံးသားချင်းနီးနေတော့

တို့နှစ်ယောက်ရဲ့အချစ်တွေကို

မပျက်စီးစေပဲဆက်ချစ်ရအောင်

ချစ်သူရေ

ရှေ့ ဆက်ရမယ်အနာဂတ်ကလမ်းကြမ်း

ခရောင်းလမ်းကိုလျောက်တဲ့ လမ်းမှာ

အေးအတူပူအမျှ မျှဝေပေးမဲ့ ချစ်ကို

မောင်................

သိပ်ချစ်ပါတယ်.....။

အမြန်ဆုံးနီးစပ်နိုင်ဖို့ ဘယ်လိုအခက်အခဲရှိရှိ

မောင့်အနားချစ်ရှိရင်အရာရာကိုရင်ဆိုင်ရဲပါတယ်

အိမ်ရေးပျက်တွေညတွေမှာ ကြယ်လေးတွေကိုကြည့်ပြီး

မောင်ချစ်တဲ့ ဖြိုး မောင့်ကိုလွမ်းနေပါစေလို့

ရင်ထဲမှာနေတိုင်းဆုတောင်း တိတ်တခိုးလေးနဲ့ ပါပဲ ချစ်သူ.....။

လွမ်းပါတယ် လွမ်းတာကို လွမ်းတယ်လို့ ပြောရင်ရိုးလို့ 

တမ်းတမိတယ်လို့ ပြောရင် ချစ်"ရယ်"မှာ

ရယ်ချင်ရယ် ပြုံးချင်ပြုံး မောင် မမုန်းဘူး

အချစ်တတ်ဆုံးလူသားတစ်ဦးဆိုတာသိရင်ကျေနပ်ပါပြီ..

တို့နှစ်ယောက်ရင်ထဲအချစ်နဲ့သစ္စာတရား တည်ရှိနေသေးသရွေ့ တော့ 

ဘယ်သူဖျက်ဖျက်မပြတ်ဘူးဆိုတာ မောင်ယုံကြည်ဆဲပါ ချစ်သူ ...

ပြတ်မဲ့ ကြိုး ယဲ့ ယဲ့ လေးကျန်ခဲ့ တောင် မရမကဆက်မဲ့ သူပါ ချစ်သူ....

မျှော်လင့်ချက်တွေအရည်ပျော်စေမဲ့ စကားလုံးကြမ်းကြမ်းကိုမကြားရဲခဲ့ သူမို့ 

ရင်ထဲကမပါပဲ စကားတစ်ခွန်းမဖွင့် ချလိုက်ပါနဲ့ .....

တစ်ယောက်နဲ့တစ်ယောက်ဝေးကွာနေပေမယ့် တို့အချစ်တွေကနီးနီးလေးဆိုတာ

မောင်ဘက်ကယုံကြည့်သလို မင်းဘက်ကလဲယုံကြည်ပေးပါ...

ယုံကြည်ရင်းရူးသွပ်သူမို့ ပါဂေါက်တောက်တောက်ဖြစ်အောင်မလုပ်ပါနဲ့ 

လျောက်လျောက်ပြီးတွေးနေရင် ရင်ထဲမှာအဆင်မပြေမှု့ တွေများလို့ 

သေချာတာတစ်ခုကတော့ မင်းကို"ချစ်တယ်"

***ငါ့အတွက်***


***ငါ့အတွက်***

နင်ကငါ့ကိုမချစ်လို့  စွန့် လွှတ်လိုက်တာ
နင့်အတွက် ငါ့ကိုမေ့ပစ်ဖို့ လွယ်ကူပါတယ်...
ဒါပေမယ့်
ငါ့အတွက်တော့ နင့်ကိုချစ်လျှက်နဲ့  
စွန့် လွှတ်လိုက်ရမှာ ငါ့အတွက်
နင့်ကိုမေ့ပစ်ဖို့ ဆိုတာ မလွယ်ကူပါဘူး....
ဒါဟာ ***ငါ့အတွက်***.....???

Share

Twitter Delicious Facebook Digg Stumbleupon Favorites More