.

12/13/12

ချစ်သူကဗျာ

ချစ်သူ

အနေဝေးနေလျှက်နဲ့
ရင်ဘတ်ချင်း နီးစပ်နေတဲ့အတွက်

အချိန်နာရီတွေ မတူညီပေမယ့်
အချိန်တိုင်း လွမ်းနေပေးတဲ့အတွက်

မိုင်တိုင်တွေ ခြားနေပေမယ့်
ခြေရာတိုင်းမှာ အရိပ်လေးဖြစ်နေပေးတဲ့အတွက်

အမူအကျင့် မတူညီပေမယ့်
စိတ်ကူးအတွေးတွေ ထပ်တူကျနေတဲ့အတွက်

ဘုရားသွားကျောင်းတက်
အတူမရှိနိုင်ပေမယ့်
အလှူအတန်းတိုင်း အတူတူပြုခွင့်ရတဲ့အတွက်

အရာရာတိုင်းအတွက် ဝမ်းသာကျေနပ်
အတူတူရှိခြင်း မရှိခြင်းထက်
တူညီတဲ့ ခံစားမှုတိုင်းက
အတိုင်းအဆမရှိ ပိုချစ်မိစေတယ် ချစ်သူ

Friends18.com Orkut Scraps

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More