.

Showing posts with label ချစ်သူ့ကဗျာ. Show all posts
Showing posts with label ချစ်သူ့ကဗျာ. Show all posts

8/9/13

ညီမငယ်လေးများသို့

ညီမငယ်လေးများသို့
....................

လက်မထပ်ရသေးငြား
တအားမကြွားဝါနှင့်
ဖူးစာဖောက်ပြား
လွဲမှားခဲ့သော်
အရှက်ရလိမ့်

လက်မထပ်ရသေးငြား
တအားမလိုက်လျောနှင့်
ညားဖို့ကြောင်းကံ
မလှပြန်သော်
ကိုယ်ကျိုးနည်းလိမ့်

လက်မထပ်ရသေးငြား
အခွင့်အရေး
များမပေးနှင့်
ဝေးဖို့ကံသင့်
ဖန်ခဲ့လေသော်
အကျိုးနည်းလိမ့်

လက်မထပ်ရသေးငြား
မည်သို့မည်ပုံ
ယုံအောင်လှည့်ဖျား
အတည်ယူမည်
ဘယ်သို့ယူမည်
ကြည်ဖြူပါဟု
သွေးသားအမှု
ခံခဲ့လေသော်
မယုံမှားနှင့်
ကိလေသာစိတ်
ခဏသာယာ
ပြီးခဲ့လေသော်
နောင်တတရား
ရင်ဝယ်ပိုက်
ငါလူမိုက်ဟု
နောင်တကြီးကြီး..ရပေလိမ့်။ ။

မိန်းခလေးများအထူးသဖြင့် အချစ်ကြီးတာသက်သက် လိုက်လျောတာအားနာတာသက်သက်
မလိုက်လျောအားမနာလို့ ကိုယ့်ကိုပစ်သွားတော့လည်းဂျောင်းပေါ့ကွယ်
တကယ်ချစ်ရင် အဲဒါကြောင့်တော့ကိုယ့်ကိုထားမသွားနိုင်ပါဘူး
ဟုတ်တယ်မလား??

ညီမငယ် အမကြီးများ မိမိရဲ့တန်ဖိုးရှိတဲ့ဘဝကို
တန်ဖိုးရှိတဲ့အချိန်မှသာ ပေးအပ်သင့်ပါတယ်
အချိန်မတိုင်ခင်ပေးရင်တန်ဖိုးကျတယ် တန်ဖိုးမဲ့တယ်
တန်ဖိုးကျရင်ကိုယ့်ကိုအထင်သေးတယ် ပြီးရင်သူတို့က
စွန့်ပစ်သွားကြရောလေ ။ ။

ခင်မင်လျက်
ကောင်ကလေး

7/25/13

ချစ်သူ.............


5/30/13

အချစ် နှင့် လက်ထပ်ခြင်း


(ဗဟုသုတ အဖြစ် ဖတ်ကြည့်ပါ)

ကျောင်းသားတစ်ယောက်က ဆရာ့ကိုမေးတယ်။

“အချစ်ဆိုတာ ဘာလဲဗျ”
ဆရာက ပြန်ဖြေပါတယ်။
“မင်းရဲ့မေးခွန်းကို ဖြေပေးဖို့အတွက် ဟိုဂျုံခင်းဆီသွားပါ။ အကြီးဆုံး ဂျုံတစ်စေ့ကိုရွေးယူပြီး ပြန်လာပါ။ ဒါပေမဲ့ စည်းကမ်းချက်တစ်ခုတော့ရှိတယ်။ မင်းဟာ ဂျုံခင်းထဲကို တစ်ကြိမ်သာ ဖြတ်သွားရမယ်။ နောက်ကြောင်းပြန်လှည့်ပြီး ခူးဆွတ်လို့တော့ မရဘူးနော်”
ကျောင်းသားဟာ ဂျုံခင်းဆီသွားလိုက်တယ်။ ပထမဂျုံပင်တန်းထဲ သူဖြတ်လိုက်တဲ့အခါ ကြီးမားတဲ့ ဂျုံတစ်စေ့ကိုတွေ့လိုက်တယ်။

ဒါပေမဲ့ နောက်တစ်နေရာမှာ ဒီထက်ပိုကြီးတဲ့ ဂျုံတစ်စေ့ ရှိချင်ရှိနိုင်တယ်လို့ သူ စဉ်းစားလိုက်မိတယ်။
အဲဒီနောက် ပိုပြီးကြီးမားတဲ့ ဂျုံတစ်စေ့ကို သူတွေ့လိုက်ပြန်တယ်။ ဒါပေမဲ့ ဒီထက်ပိုကြီးတဲ့ ဂျုံတစ်စေ့က သူ့ကို စောင့်နေနိုင်သေးတယ်လို့သူထင်နေမိတယ်။

ဂျုံခင်းတစ်ဝက်ကျော် ဖြတ်သန်းပြီးတဲ့နောက်မှာ ဒီဂျုံစေ့ဟာ သူအရင်တွေ့ခဲ့တဲ့ ဂျုံစေ့လောက် မကြီးဘူးဆိုတာ စတင် သဘောပေါက်လာတော့တယ်။ အကြီးဆုံးဂျုံစေ့ကို သူ လွှဲသွားကြောင်း သိတဲ့အခါ နောင်တရလာတယ်။
ဒါနဲ့ သူဟာ ဆက်လက်ရှာဖွေခြင်းမပြုတော့ဘဲ လက်ဗလာနဲ့ ဆရာ့ဆီိ ပြန်လာပါတယ်။
ဆရာက သူ့ကိုပြောတယ်။

“အချစ်ဆိုတာ အဲဒီလိုပဲ။ မင်းဟာ ပိုမိုကောင်းမွန်တဲ့အချစ်ကို ဆက်လက်ရှာဖွေနေတယ်။ ဒါပေမဲ့ အဲဒီပုဂ္ဂိုလ်ကို မင်းလွဲသွားကြောင်း နောင်တစ်ချိန်ရောက်မှ သဘောပေါက်လာတယ်”
“ဒါဆိုရင် လက်ထပ်ခြင်းကရော...”လို့ ကျောင်းသားကမေးပြန်တယ်။
ဆရာက ပြန်ပြောပါတယ်။

“မင်းရဲ့အမေးကို ဖြေဖို့အတွက် စပါးခင်းဆီသွားလိုက်ပါ။ပြီးရင် အကြီးဆုံး စပါးတစ်စေ့ယူပြီး ပြန်လာပါ။ ဒါပေမဲ့ စည်းကမ်းချက်တစ်ခုတော့ရှိတယ်။ မင်းဟာ စပါးခင်းထဲကို တစ်ကြိမ်သာဖြတ်သွားရမယ်။ နောက်ကြောင်းပြန်လှည့်ပြီး ခူးဆွတ်လို့တော့ မရဘူးနော်”
ကျောင်းသားဟာ စပါးခင်းဆီသွားလိုက်တယ်။

ဒီတစ်ချိန်မှာတော့ သူဟာ အရင်အမှားမျိုးမလုပ်မိဖို့ ဂရုစိုက်တယ်။ စပါးခင်းအလယ် ရောက်တဲ့အခါ သူ့စိတ်ကျေနပ်လောက်တဲ့ အလယ်အလတ် စပါးစေ့တစ်စေ့ ခူးဆွတ်ရင်း ဆရာ့ဆီ ပြန်လာပါတယ်။
ဆရာက သူ့ကိုပြောပါတယ်။

“ဒီတစ်ချိန်မှာတော့ မင်းဟာ စပါးစေ့တစ်စေ့ ခူးခဲ့တယ်။ မင်းဟာ သင့်တော်ကောင်းမွန်တဲ့ စပါးတစ်စေ့ကို ရှာဖွေခဲ့တယ်။ ပြီးတော့ အဲဒီအစေ့ဟာ မင်းရခဲ့သမျှ အကောင်းဆုံးအစေ့လို့ ယုံကြည်စိတ်ချမှုရှိတယ်။ လက်ထပ်ခြင်းဆိုတာ အဲဒီလိုမျိုးပါပဲ”
စဉ်းစားဆင်ခြင်စရာ
ကျွန်တော်တို့ဟာ အကောင်းဆုံးအချစ်ကိုတွေ့ဖို့၊ အကောင်းဆုံး အချစ်ကိုရရှိဖို့ ရှာဖွေနေခဲ့ကြတယ်။

ကိုယ့်ဆီရောက်လာတဲ့ အကောင်းဆုံးအချစ်ကိုတော့ ပိုင်ဆိုင်ဖို့ မကြိုးစားဘဲ ဒီထက်ပိုကောင်းမယ်ထင်တဲ့ အချစ်ကို ဆက်လက်ပြီး ရှာဖွေနေကြတယ်။ နောင်တစ်ချိန်ရောက်မှ ကျွန်တော်တို့ဟာ အကောင်းဆုံး အချစ်ကို လက်လွှတ်ခဲ့ကြောင်း သိမြင်လာတော့တယ်။
ကျွန်တော်တို့ဟာ လက်ထပ်ဖို့အတွက် ကိုယ်ရဲ့ဂုဏ၊်ပညာနဲ့သင့်တော်သူတစ်ယောက်ကို ရှာဖွေကြပါတယ်။

အကောင်းဆုံးမဟုတ်ပေမယ့် သင့်တော်သူတစ်ယောက်ကို တွေ့တဲ့အခါ လက်ထပ်လိုက်တော့တယ်။
ကိုယ့်ကိုချစ်တဲ့သူတစ်ယောက်ကို ရှာဖွေပြီး လက်ထပ်မှာလား။ ဒါမှမဟုတ် ကိုယ်ချစ်နေတဲ့သူတစ်ယောက်ကို ရှာဖွေပြီး လက်ထပ်မှာလား။

ဘယ်လိုလူမျိုးကို လက်ထပ်သည့်ဖြစ်စေ၊ သူဟာ ကိုယ့်အတွက် အသင့်တော်ဆုံး၊ အကောင်းဆုံးဖြစ်တယ်လို့ ခံယူချက်နဲ့ တန်ဖိုးထားမြတ်နိုးမယ်ဆိုရင်တော့ သာယာချမ်းမြေ့တဲ့ အိမ်ထောင်ရေး ဖြစ်လာနိုင်ပါတယ်။

(နေလင်းအောင် ဘာသာပြန်ဆိုသည်) Credit - Naw Jer

5/25/13

ငါ့မျက်ရည် ကြွေကျမှ နင်ပျော်မယ်ဆိုရင်

 ငါ့မျက်ရည် ကြွေကျမှ နင်ပျော်မယ်ဆိုရင်

" .~ နင့်ထီးလေးဖယ်လိုက်ပါ .~ "

နင်မိုးလို့ထင်နေတာ ငါ့မျက်ရည်တွေပါ . ... ..



 ငါ့နှလုံးသား မြေခမှ နင်ကျေနပ်မယ်ဆိုရင်

" .~ နင်ခြေထောက်ကိုသာ ရွှေ့လိုက်ပါ..~ "

နင်နင်းချေထားတာ ငါ့နှလုံးသားပါ ..... . ..



 ငါ့မာန ခ၀ါချမှ နင်ပြန်ချစ်မယ်ဆိုရင် 

" .~ နင်ခေါင်းလေးအသာ ငုံ့လိုက်ပါ..~ "

နင့်ရှေ့ဒူးထောက်အရှုံးပေးနေတာ ငါပါ .. . ...



 အရာရာပုံအပ်ခဲ့တာ မင်းဘ၀မှာ တိုက်ဆိုင်တဲ့အခါ

တစ်ခဏတာ သတိရမိရင်...

ငါ့ တစ်ဘ၀စာပေးဆပ်ခဲ့တာနဲ့ ညီမျှမှာပါ . ....

         

5/22/13

အချစ်စစ်

"နင့်ကိုချစ်တယ်.." အကြောင်းပြချက်တွေ မလိုအပ်ပါဘူး..။ အသက် ကွာခြားမူတွေဆိုတာ အရေးမကြီးပါဘူး..။ ရုပ်လဏ္ခာ တွေဟာ အရေးမကြီးပါဘူး...။ နင့်ရဲ့ နေထိုင်သွားလာပုံတွေ အရေးမကြီးပါဘူး..။ တခြားသူ ပြောတာတွေ အရေးမကြီးပါဘူး..။ အရေးကြီးတာ..။


တစ်ယောက်နဲ့တစ်ယောက် နားလည်အောင်ဘယ်လိုလုပ်မယ်။ တစ်ယောက်ကို တစ်ယောက် လိုအပ်အောင် ဘယ်လိုလုပ်မယ်။ အတူရှိတဲ့အချိန်မှာ ပျော်ရွှင်မူရှိအောင် ဘယ်လို ဖန်တီးမယ်။ ငါတို့အချစ်မှာ .. အကြောင်းပြချက်မရှိရဘူး။ အဓိပ္ပါယ်ဖွင့်လို့ မရဘူး..။ နောက်ဆုံးမှာ အဆုံးသတ်မသွားရဘူး..။

3/26/13

ကြည်စင်မော်ကွန်း

1/22/13

အနမ်းဆိုတာ

အနမ်းဆိုတာ
*********

♥♥♥♥♥♥♥♥♥♥
အနမ်းဆိုတာ ချစ်သူနှစ်ယောက်အမှတ်တရ အတူရှိနေခဲ့တဲ့အချိန်လေးတွေကို
ဘယ်တော့မှမမေ့တော့အောင် မော်ကွန်းထိုးပေးတဲ့ သင်္ကေတလေးတစ်ခုဖြစ်ပါတယ်။
အနောက်တိုင်း သုတေသီတွေက စိတ်ဖိစီးတဲ့ဒဏ်ကို အကြီးအကျယ်ခံစားနေရတဲ့
ဝေဒနာရှင်တွေတောင် ချစ်သူရဲ့အနမ်းကြောင့် အားအင်သစ်တွေ တိုးပွားလန်းဆန်း
လာတယ်လို့ ထောက်ခံထားကြတာပါ
ဒီတော့ ပူလောင်တဲ့၊ ရမ္မက်ဆန်တဲ့အနမ်းတွေကို ခဏလောက်မေ့ထားပြီး
ယစ်မူးကြည်မွေ့စရာ ရင်ခုန်သံလေးတွေကို ပိုင်ဆိုင်စေမယ့် အနမ်းလေးတွေကို
ခုလိုမျိုးအမျိုးအစားခွဲကြည့်ကြရအောင်။
၁။
နတ်သမီးအနမ်း
ချိုမြိန်ပြီး သက်သောင့်သက်သာရှိစေတဲ့ အနမ်းလို့ အချစ်ကျမ်းဆရာတွေက
အဓိပ္ပာယ်ဖွင့်ကြပါတယ်။ ဒီအနမ်းဟာ ကိုယ့်ချစ်သူရဲ့မျက်လုံးအထက်နားကို
ခပ်ဖွဖွလေးနမ်းတာကို ဆိုလိုပါသတဲ့။ တချို့ကလည်း
ရှက်စနိုးမှေးမှိတ်ထားတဲ့ချစ်သူရဲ့ မျက်ဝန်းလေးတွေကို ယုယုယယနမ်းတာကို
ခေါ်တာပါလို့ပြောကြပြန်တယ်။
၂။ ပါးပြင်အနမ်း
နေရာတကာမှာတွေ့နိုင်တဲ့ အနမ်းတစ်ခုပါ။မိဘတွေကလည်း သားသမီးလေးတွေကို
နမ်းကြတာတွေ့ဖူးကြမှာပေါ့။ အဓိပ္ပာယ်ကတော့
နူးနူးညံ့ညံ့ချစ်မြတ်နိုးတယ်လို့ ကိုယ်အမူအယာနဲ့ဖော်ပြတဲ့သဘောမျိုးပါပဲ။
ချစ်သူချင်းဆိုရင်တော့ ‘မင်းကို တကယ်ချစ်တာပါ’လို့ ပါးစပ်ကမပြောဘဲ
အနမ်းနဲ့အသိပေးလိုက်တာဆိုရင်လည်း မမှားပါဘူး။ ဒီအနမ်းကို
ပထမဆုံးချိန်းတွေ့တဲ့စုံတွဲလေးတွေ လက်တွေ့ကျင့်သုံးတတ်ကြတယ်လို့ဆိုပါတယ်။
၃။ လိပ်ပြာအနမ်း
မျက်နှာနှစ်ခု နီးနီးကပ်ကပ်ရှိနေပါပြီ။ နောက်တော့ ကောင်လေးရော၊
ကောင်မလေးပါ မျက်လုံးလေးတွေမှိတ်သွားကြပြီး ချစ်သူနှစ်ယောက်ရဲ့
အရိပ်တွေဟာ ပိုနီးသွားကြတယ်။ ဒီအနမ်းကို ဘာဖြစ်လို့လိပ်ပြာအနမ်းလို့
ခေါ်သလဲဆိုတာ တိတိကျကျရှင်းပြမထားပေမယ့် ဒီအနမ်းကြောင့်
စိတ်ထဲမှာပေါ့ပါးကြည်နူးပြီး လေထဲမြောက်နေသလို ခံစားရမယ်ဆိုရင်
ဒီနာမည်လေးနဲ့ လိုက်ဖက်တဲ့အကြောင်း ထောက်ခံလိုက်ကြပါစို့။

၎။ အက်စကီးမိုးအနမ်း
ဒါကတော့ ရေခဲနေတဲ့ဒေသတွေမှာ နေလေ့ရှိတဲ့ အက်စကီးမိုးလူမျိုးစုရဲ့
ရိုးရာနှုတ်ဆက်နည်းတစ်ခုကို အခြေခံထားတဲ့အနမ်းလေးပါ။
မျက်နှာချင်းဆိုင်ပြီး နှာခေါင်းလေးတွေထိရုံပဲထိတဲ့ အနမ်းမျိုးပါပဲ။
အက်စကီးမိုးတွေအတွက်တော့ အဲဒီလိုလုပ်ရင် လူ့ခန္ဓာကိုယ်က အနွေးငွေ့ကြောင့်
အချမ်းပြေချင်ပြေမှာပေါ့။ ချစ်သူနှစ်ယောက်အတွက်တော့ ရယ်ရွှင်မြူးတူးရတဲ့
ကြည်နူးမှုကို ဖြစ်စေမှာပါ။
၅။ နားရွက်အနမ်း
ချစ်သူရဲ့နားရွက်ကို တိတ်တိတ်လေးခိုးနမ်းရတဲ့အရသာကိုကြုံဖူးကြပါသလား။
တစ်ခုခု တိုးတိုးလေးပြောမယ်လို့ဟန်ဆောင်ပြီး သိချင်စိတ်စောနေတဲ့ချစ်သူကို
ရွရွလေးနမ်းတဲ့အနမ်းပါ။ သေချာတာကတော့ ချစ်သူဆီက မျက်စောင်းလေးတစ်ချက်
လက်ဆောင်ရမယ်ဆိုတာပါပဲ။
၆။ လည်ပင်းအနမ်း
ထိခိုက်ခံစားလွယ်ပြီး နူးညံ့ကျေနပ်စရာအနမ်းတစ်ခုလို့ဆိုပါတယ်။ ဒီအနမ်းကို
အနောက်တိုင်းက အထက်တန်းစားလူယဉ်ကျေးတွေ ကျင့်သုံးတတ်ကြပါတယ်။
ချစ်သူရဲ့ကိုယ်လုံးလေးကို ထွေးပွေ့ပြီး နမ်းတဲ့ အနမ်းဟာ
တစ်သက်လုံးမခွဲတမ်းတူနေသွားမယ်ဆိုတဲ့ အဓိပ္ပာယ်ကိုလည်း ဖော်ဆောင်ပါသတဲ့။
၇။ လက်ရုံးအနမ်း
မိန်းကလေးတွေက ကိုယ့်ချစ်သူကို နမ်းတဲ့အနမ်းမျိုးပါ။ အားကိုးတာ၊
ယုံကြည်လေးစားတာကို အဓိပ္ပာယ်သတ်မှတ်နိုင်မှာဖြစ်ပါတယ်။ ရှေးခေတ်က
ခရူးဆိတ်စစ်သည်တော်တွေ စစ်ထွက်ခါနီးရင် ချစ်သူတွေ၊ ဇနီးမယားတွေက
သူတို့ရဲ့ညာဘက်လက်မောင်းကို နမ်းရှုံ့ပြီး နှုတ်ဆက်ကြပါတယ်။ ဒါဟာ
မျှော်လင့်ခြင်းနဲ့ ကံကောင်းစေခြင်းကို ဖော်ဆောင်ပြီး
ချစ်သူရဲ့လွှမ်းမိုးနိုင်မှုနဲ့ ရဲစွမ်းသတ္တိကို လေးစားကြည်ညိုတဲ့နိမိတ်ကို
ဖော်ကြူးတဲ့သဘောမျိုးပါတဲ့။

12/24/12

သိစေချင်တယ်


သိစေချင်တယ်

မပြိုင်ချင်လည်းနေပါကွာ

အရှုံးတော့မပေးလိုက်ပါနဲ့
ကြင်နာစွာရှိလျှက် နူညံ့ဖြူစင်တဲ့လက်ကလေးတွေနဲ့
ထွေးပိုက်ပေးမှာပါ.......
အချစ်ဆိုတာက
မမြင်နိုင်သောအရာပါဒါပေမဲ့ချစ်ရဲ့အရသာက
 ချိုလွန်းလှတဲ့ ပျားရည်ပေါ်မှာ လောင်ကျွမ်းပျက်စီးစေနိုင်တဲ့
အက်ဆစ်ပြင်းပြင်းထည့်ထားတဲ့ အရသာပါပဲ
အချစ်ဆိုတာက ဒဏ်ရာပါ
ဒီကမ္ဘာအဆုံး အကြင်နာဆုံးလေး မှတ်လို့ထားပါ မင်းရင်မှာ။

*မျဉ်းပြိုင်နှစ်ကြောင်း*


*မျဉ်းပြိုင်နှစ်ကြောင်း*

Friday, September 12th, 2008

ချစ်ခြင်းမေတ္တာ
သစ္စာတွေဖွဲ့သီကာ
တီတီတာတာတေးတွေဆို
အချိန်တွေပိုနေတဲ့ကျနော်……
အကျင့်သိက္ခာတွေရှေ့တန်းတင်
ဂုဏ်ပုဒ်တွေကိုရှုးသွပ်ရင်း
အမြင့်ဆုံးသို့
တက်လှမ်းနှိင်ဖို့
အချိန်တွေမလောက်နေတဲ့"မ"……
"ကဲ"
ဘယ်မှာဆုံးဆည်းနှိင်တော့မှာလဲဗျာ။

ပြိုင်ပွဲဝင်သက်မှတ်ချက်


ပြိုင်ပွဲဝင်သက်မှတ်ချက်

Friday, September 12th, 2008

မတူးဖော်လိုက်နဲ့
အမုန်းတွေမြုပ်နှံထားတယ်
မြေသြဇာလိုအပ်နေတယ်
လာမစနဲ့
မင်းကအခုမှပထမနှစ်
ကိုယ်က Master တက်နေပြီ
နှလုံးသားနှလွန်းရင်
လာမပြိုင်နဲ့
ကိုယ်က
"ရက်စက်မှုလက်မှတ်"ရပြီးသား။

12/13/12

ချစ်သူကဗျာ

ချစ်သူ

အနေဝေးနေလျှက်နဲ့
ရင်ဘတ်ချင်း နီးစပ်နေတဲ့အတွက်

အချိန်နာရီတွေ မတူညီပေမယ့်
အချိန်တိုင်း လွမ်းနေပေးတဲ့အတွက်

မိုင်တိုင်တွေ ခြားနေပေမယ့်
ခြေရာတိုင်းမှာ အရိပ်လေးဖြစ်နေပေးတဲ့အတွက်

အမူအကျင့် မတူညီပေမယ့်
စိတ်ကူးအတွေးတွေ ထပ်တူကျနေတဲ့အတွက်

ဘုရားသွားကျောင်းတက်
အတူမရှိနိုင်ပေမယ့်
အလှူအတန်းတိုင်း အတူတူပြုခွင့်ရတဲ့အတွက်

အရာရာတိုင်းအတွက် ဝမ်းသာကျေနပ်
အတူတူရှိခြင်း မရှိခြင်းထက်
တူညီတဲ့ ခံစားမှုတိုင်းက
အတိုင်းအဆမရှိ ပိုချစ်မိစေတယ် ချစ်သူ

Friends18.com Orkut Scraps

12/12/12

ချစ်သူရယ်..

ချစ်သူရယ်..
Friends18.com Orkut MySpace Hi5 Scrap ImagesFriends18.com Orkut MySpace Hi5 Scrap Images
♥                                                
သိပ်ချစ်မိတာက နင်တယောက်တည်းပါ..
တကယ်ဆို..
ကိုယ်ဟာရင်ခုန်သံတွေကို ဝန်ခံဖို့ 
အင်အားမရှိခဲ့တဲ့ ကျိန်စာသင့်နေတဲ့
ငှက်ငယ်တကောင်လိုပါပဲ...
ဒါပေမယ့် အချစ်ဆိုတာက တို့နှစ်ယောက်ကို
တဘဝမှာ တကြိမ်ပဲ ထိလိမ့်မေ လို့ငါထင်တယ်..
ဘာပဲဖြစ်ဖြစ် ငါနင့်ကို အမြဲတမ်း ဖြူစင်တဲ့ အချစ်နဲံ့ပဲ
ငါ့ရဲ့ရင်ခုန်သံတွေကို မျိုသိပ်ပြီး
ကြုံလာမယ့် ခါးသီးတဲ့ ကံကြမ္မာကြီးကို
Friends18.com Orkut MySpace Hi5 Scrap Images
ချစ်သူရယ်မင်းကိုရှာနေတာ
ငါရင်ဆိုင်လိုက်တော့မယ်....ချစ်သူ...
Friends18.com Orkut MySpace Hi5 Scrap Images

Share

Twitter Delicious Facebook Digg Stumbleupon Favorites More